ငါဟာ ကာတွန်းကားထဲကလို အမြဲ ရှုံးနေတဲ့ ကြောင်ပါ မင်းလည်း နိုင်ပါ မိဝေ (ထွဏ်းသွေးအိမ်)




ငါဟာ ကာတွန်းကားထဲကလို အမြဲ

ရှုံးနေတဲ့ ကြောင်ပါ  မင်းလည်း နိုင်ပါ

မိဝေ


—————————————


ရေတံခွန် ရဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့

စမ်းချောင်းလိုပါပဲ

သိမ်ငယ်မှုတွေ နဲ့ ပဲ စီးဆင်းလို့


နီးမလိုလိုနဲ့

ဝေးဝေးသွားတဲ့ လမ်းပေါ်

မင်းခြေသံကို အလွတ်မှတ်မိနေတဲ့

ပိုးစုန်းကြူးလေး တွေ က

ညကျ စကားတွေ လာလာပြောရဲ့


တစ်ခါက ဒီတနင်္ဂနွေတွေ

အသက်ဝင်ခဲ့တာ ကို

သမိုင်းစာအုပ်ထဲ အတိအကျ

ရှိခဲ့ပါတယ်

မင်း မျက်မှန်ကိုင်းဟောင်းလေး မှာ

သေချာရှာကြည့်ရင်

တွဲလဲခိုနေတဲ့ အလွမ်းတွေ မြင်ရမှာ


မျက်နှာကြက်က အိမ်မြှောင်

လက်ပေါ်ပြုတ်ကျတဲ့ နေ့က

ငါ အကောင်းပဲ တွေး ခဲ့တာ ပါ မိဝေ

တရားဓမ္မ က နေ လည်း

ငါ့ကို ဆုံးမပါ

ငါ လိမ္မာပါ့မယ်


ဘဝထဲ

ကိုယ့်ဘူတာလေး နဲ့ ကိုယ်

ဖြစ်တော့မှ

မင်း ရထား လာ မရပ်တော့ဘူး ဆို

သံသရာဆိုတာကြီး ထဲ

ကိုယ် ခုန်ချနေခဲ့တော့မယ်  မိဝေ


စတိုး ဆိုင်ထဲ ဝင်ကြည့်တော့

မင်း ရယ်သံ တွေ က

ဝယ်လို့မရဘူး


လှေခါးထစ် တစ်ခု ကျန်အုံးမယ် ဆို

ချန်ထားပေးပါ့လား မိဝေ

“ ကံ ” ဆိုတာကြီး က

မျက်နှာသာပေးခဲ့ ရင်

မင်း ဘုံ နား လာချင်လို့ပါ


ထွဏ်းသွေးအိမ်

၂၄-၂-၂၀၁၉

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

လင်းမာအိုရေးတဲ့ကဗျာများ

ခရီးဖော် (မောင်မိုးအိမ်)