ဒုတိယမ္ပိ သေဆုံးခြင်း(လင်းယံမြတ်)
ဒုတိယမ္ပိ သေဆုံးခြင်း
"မတွေ့တာ
ကြာပြီနော်"တဲ့
။ တကယ် တော့ ကိုယ် မညာသင့်ဘူး။
ဒါပေမယ့်
မင်း ဘေးက
လူတစ်ယောက်ကို
ကိုယ်အားနာသင့်တယ်
ထင်လို့။ အင်း
ပေါ့ ကိုယ်
ဖြေလိုက်ရပါတယ်။
မင်းနဲ့
ဝေးပြီးတဲ့နောက်
.. မဟုတ်ဘူး.. မင်း
ချန်ထားခဲ့တဲ့နောက်
အခုချိန်ထိ
မင်းကို မေ့ဖို့
ကြိုးစားနေဆဲ ဆိုတာ မင်းသိဖို့
မလိုဘူးလေ။ ကိုယ့်အတွက်တော့ အိပ်မက်ကောင်းမက်တုန်း
လှုပ်နှိုးခံရသလို အဆင်မပြေလှဘူး။
ဒိုင်ယာရီမှာတောင် မင်းနာမည်လေး မှင်ခြောက်အုံးမယ်မထင်ဘူးလေ။
"မတွေ့တာ
ကြာပြီနော်"
တဲ့။ ကိုယ် ဘယ်လိုပြောရမလဲ။
မင်း
ပြောပြောနေတဲ့
အနာဂတ် ခရီးလမ်းကို
လက်တွဲသွားချင်သူက
မင်းဘေးက
အဲလိုလူတစ်ယောက်လား။
တကယ်တမ်းကျတော့
ကိုယ်
မနာလိုဘူး။ ပြီးတော့ မင်းကို
လက်လွှတ်ရမှာစိုးတဲ့စိတ်နဲ့
နှုတ်တောင်
မဆက်ချင်ဘူး။
မင်းရဲ့ ဟိုအရင်လို
မဟုတ်တော့တဲ့ အကြည့်တွေနဲ့
ကြည့်တာမျိုး၊ သူစိမ်းခပ်ဆန်ဆန်
စကားလုံးတွေနဲ့ မင်းပြောတာမျိုး
ကိုယ်တကယ်
လက်မခံနိုင်သေးဘူး။
ဒီလိုမကြည့်ပါနဲ့။
ဘယ်တော့မှ မဆုံစည်းနိုင်တော့ဘူးဆိုတဲ့အသိနဲ့ မျက်နှာတွေလွှဲခဲ့သမျှ
ကိုယ့်မှာ မင်းကို
ပြုံးပြဖို့ အဲလောက်အသည်းမမာဘူး။
မင်းရဲ့ ချစ်လှစွာသော
သက်ဆိုင်သူကြီးရှေ့မှာ
တချိန်က ဘယ်လို
အတိတ်မှ မရှိခဲ့တဲ့ ပုံစံမျိုးနဲ့ ၊ မင်းအပေါ်
ကိုယ်မကောင်းခဲ့သမျှတွေကို
ဘယ်လို အမူအရာမျိုးနဲ့ အရှက်မရှိ
ပြုံးပြရက်မှာလဲ။
မင်းရဲ့
သက်ဆိုင်သူနဲ့
အခုလို လက်ဆွဲနှုတ်မဆက်ပါရစေနဲ့
ဆိုတဲ့ ဆုတောင်းဟာ
ကိုယ့်အတွက်တော့
ကောင်းကောင်းကြီး
ပြည့်ခဲ့တာပေါ့။
ကိုယ့်မှာ မင်းရဲ့
အပြုံးလေးတွေ
မညိုးရအောင်
ကိုယ့်ရင်ဘတ်ထဲ
တိတ်တိတ်ငို
မင်း ရှေ့မှာ
ပျော်ခဲ့ရတယ်။ ကိုယ့်ကို ရှင်ရက်နဲ့
အသေသတ်သွားခဲ့လေသလား။
ကိုယ့်မှာ
ဒုတိယအကြိမ် ဆွံ့အစွာနဲ့ လမ်းမပေါ်မှာ
တွေတွေကြီး
ငေးလို့....။
လင်းယံမြတ်
Comments
Post a Comment