ဂွတ်နိုက် (မိုင်မျိုးမျိုးဆန်း))

ဂွတ်နိုက်


အချစ်ရေ . .

ဝေးရမယ့် ရာသီမျိုးမှာမှ 

ကိုယ်တို့ တွေ ပျိုးကြဲမိခဲ့တာလား

ပြိုမှာစိုးတဲ့ ကိုယ်တို့ ရဲ့

ကောင်းကင်ကြီးကို 

လက်ဗလာနဲ့ဖြစ်ဖြစ် ကာထားကြစို့ရဲ့ . .


ဟိုးဝေးဝေးမှာ

"အနာဂါတ်သို့". .ဆိုတဲ့ လမ်းညွှန်မြှားလေးရှိတယ် 

အချစ်ရေ . .

တစ်ယောက်တစ်ကမ္ဘာစီခြားနေရင်တောင်

လှမ်းမျှော်ရာအရပ်တူကြစို့ ရဲ့ . .


စိတ်မညစ်ပါနဲ့ကွယ် . .

ခြားနားခြင်းတွေက ဘာအရေးလဲ 

ကိုယ့်ကိုချစ်တဲ့စိတ်ကလေးကိုပဲ 

ငြိမ်းမသွားအောင် ကာထားပေးပါ 

ယူဇနာတစ်သောင်းဆိုရင်လဲ 

စိတ်စိတ်ချင်း ခရီးနှင်ဖို့ အတွက်ဆိုရင် 

ဝေးလွန်းလှတဲ့အရပ်တော့ မဟုတ်ပါဘူးကွယ် . .


မှတ်ထားနော် . .

တမ်းတခြင်းတွေ ကြီးစိုးလာတဲ့အခါ . .

ကိုယ်ရှိရာ အရပ်ကိုတည့်တည့်မှန်းပြီး

သတိရနေတဲ့စိတ်ကို လေးညှို့ကလွှတ်ပါ 

တဟုန်ထိုးပြေးလာတဲ့ ကိုယ့်ရဲ့ စိတ်နဲ့

အလွမ်းရဲ့ ဆုံမှတ်မှာ တွေ့ကြမယ် . .


စိတ်မပူပါနဲ့ အချစ်ရယ် . . . .

မနက်မိုးသောက်တဲ့အခါ

ကိုယ်တို့ မျှော်လင့်နေတဲ့ကမ္ဘာ 

ရောက်ချင်လဲ ရောက်လာမှာပေါ့  

အခုညတော့ . .

မင်းရဲ့ မျက်လွှာလေးကိုပိတ် 

ကိုယ့်ကို ချစ်တဲ့စိတ်နဲ့ အိပ်ရာဝင်ပါ. .


အိပ်မက်ကမ္ဘာမှာ 

အလွမ်းပေါင်းများစွာနဲ့ 

ကိုယ်မင်းကိုစောင့်နေမှာပေါ့ . . .

ဂွတ်နိုက်ပါကွယ် . . .

                                 

Mai Myo Myo San

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ