အိမ်ပြေး (လင်းယံမြတ်)


အိမ်ပြေး




မီးရထား​တွေ အိပ်​မက်​မက်​တဲ့ညမှာ


ကျ​နော်​က နယ်​မြို့​လေးရဲ့ အ​ဝေးမှာ။





အညို​ရောင်​ကော်​ဖီကို​သောက်​၊ ဂီတတ​ဒေါင်​ဒေါင်​ခေါက်​ပြီး


​ယောင်​ချာချာ​ခြောက်​ကပ်​တဲ့ ညနက်​ရှည်​တွေ


ဖြတ်​သန်းရင်း အ​မေ့အိမ်​ကို လွမ်း​ခဲ့ရ။





မာနကို​ဘေးချိတ်​၊ သိတတ်​မှု​တွေချပြရင်း


အပြုံး​တုများရဲ့​နောက်​ကွယ်​မှာလည်း ရိုက်​ငိုခဲ့ရ။





ကျ​နော်​က နယ်​မြို့​လေးရဲ့အ​ဝေးမှာ


စိတ်အစဉ်​က အ​မေ့အိမ်​မှာ။





ဘ၀ဆိုတာ ဘာများလဲ....


အတ္တကို​ခြေနင်းထားပြီး​ခေါင်းငုံ့ခဲ့ရခြင်း​တွေ


ပကာသနအနံ့ကို ရှူ ရှိုက်​ကြတဲ့ ပတ်​၀န်းကျင်​ထဲ ကိုယ်​ရဲ့ရိုးသားမှုကို အ​ရောင်​မစွန်း​အောင်​ထုတ်​ပိုးထားခဲ့ရခြင်း​တွေ


​လေစိမ်း​တွေ တိုက်​တိုင်း ၊​လေ​ပြေလို ညင်​သာခဲ့ရခြင်း​တွေ။





​အောင်​မြင်​မှုများရဲ့​နောက်​ကွယ်​က ရှုံးနိမ့်​မှု​တွေ


အပြုံးတုများရဲ့ မျက်​ကွယ်​က အမုန်းထုထည်​တွေ


သည်းခံခြင်းရဲ့​ကျောဘက်​က စာနာမှု​တွေ


ချစ်​ခြင်း​မေတ္တာ​ရဲ့ အခြားတစ်​ဖက်​က​စောင့်​စည်းခြင်း​တွေ။





ဘ၀ဟာ ဟ၀ှက်​ဖဲတစ်​ချပ်​ဆိုရင်​တောင်​


သူတို့ဘက်​က မမြင်​နိုင်​တဲ့ အခြမ်း​တွေ။





ဘ၀ဟာ ဘယ်​လောက်​ကြမ်းနိုင်​မလဲ


ကျ​နော်​က​ရော ဘယ်​အထိ ထမ်းနိုင်​မလဲ။





မီးရထား​တွေ​ပြေး​နေဆဲ


ကျ​နော်​လည်း အိမ်​နဲ့​ဝေး​နေဆဲ၊​ဝေးမြဲ..။






လင်းယံမြတ်

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ