လူသတ်သမားရဲ့ညစာ (နှင်းခါးမိုး) Translated by Dr.Soe Than

လူသတ်သမားရဲ့ညစာ 


-နှင်းခါးမိုး

လူသတ်သမားက
သွေးအေးတယ် ။

သွေး မခြောက်သေးတဲ့လက်နဲ့

စီးကရက်ကို မီးညှိပုံ 
သူသတ်ထားတဲ့ အလောင်းရဲ့
အင်္ကျီရင်ဘတ် ကြယ်သီးတွေကို ဆွဲစေ့ပေးပုံ ၊
ကော်ဖီဆိုင်ထဲက ထလာသလို
လေကလေးချွန်ပြီး လျှောက်သွားလိုက်သေးသတဲ့။

ဥဩသံတွေ ဆူညံ

ရဲတွေ ရောက်လာ
သတင်းစာ မျက်နှာဖုံးမှာ
ခေါင်းကြီးစာလုံးမည်းကြီးနဲ့ ပါလာ
အသတ်ခံရသူရဲ့
အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို
တီဗွီက မကြာမကြာ ထုတ်လွှင့်နေ
တစ်မြို့လုံး ကလည်း
ဒီအမှုအကြောင်းပဲ ပြောနေကြ ။

ရွှေကို လိုလို့ သတ်သလား

လူကို လိုလို့ သတ်သလား
တခါက ရန်ငြိုးလား
စိတ္တဇ လူသတ်သမားလား ။

အသေဆိုးလေခြင်းလို့

စုပ်သပ်သူက သပ်
အတင့်ရဲလေခြင်းလို့
ဒေါကန်သူက ကန်
ရှေ့က လမ်းချိုးကွေ့ အမှောင်ရိပ်ထဲ 
လူသတ်သမား စောင့်နေမလားလို့
ကြောက်လန့်သူတွေလည်း ရှိရဲ့ ၊
( ဒီလိုနဲ့ ) မြို့ကလေးထဲ
ညအမှောင်ထုက တွားသွားဝင်လာ
တံခါးတွေ စောစောပိတ် 
မီးတွေ စောစော မှိတ်ကြ 
စောစောတော့ အိပ်မပျော်နိုင်ကြ ။

လူသတ်သမားကော

ဒီအချိန်ဆို ညစာ စားနေလောက်ပြီ
ဝိုင်ကလေး သောက်လိုက်
စပျစ်သီးလေး မြုံ့လိုက်နဲ့လေ
ပြီးတော့
မနက်က သွေးစွန်းခဲ့တဲ့ သူ့လက်ကို
ဆုပ်လိုက် ဖြန့်လိုက်နဲ့ စိုက်ကြည့်ရင်း
ငွေ့ငွေ့လေး ပြုံးမယ် ၊
သူ တွေးမိမှာက
တစ်ယောက်ကို သတ်လိုက်ရုံနဲ့
တစ်မြို့လုံး သေဆုံးသွားခဲ့တဲ့အကြောင်း။

                   

သရဖူ မဂ္ဂဇင်း - စက်တင်ဘာလ ၊ ၂၀၁၄
အနောက်မြောက်လွင်ပြင် ဆုရကဗျာ 



The Murderer's Supper


He kills 
in cold blood.

How he lits the cigatette

with his blood-soaked hand;
How he buttons up the shirt of
the corpse he's just murdered;
How he walks away, whistling
as if he's just got up from a cafe!

Sirens wailing noisily

cops arriving at the scene
on the cover of the Paper
big bold Headlines showing the scoop
the TV flashing repeatedly
the innocent face of the man slain....
That case too is
talk of the whole town, indeed.

Has he been killed for gold?

Or was he wanted dead?
Was it a long-held grudge?
Or a psycho on the loose?

'What a horrible death!'

some lament.
'What a daring act!'
some rage.
'Will the killer be lurking
in that corner in the dark?'
some fear.
Thus, in this little town
the darkness has set in.
Doors are closed early.
Lights are out early.
They can't sleep early, though.

How about the killer?

He might be having his supper,
sipping wine, and
nibbling away some grapes.
Then, 
he might be staring at his hand
while closing and opening it-
the very hand, blood-stained that morning.
He might faintly smile,
and entertain the thought:
"How the whole town can die
after I've killed just one!"

Translated by Dr. Soe Than

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ