မျက်နှာဖုံးတွေရဲ့အောက် (မအိသဉ္ဇာကျော်) Translated by HZH
မျက်နှာဖုံးတွေရဲ့အောက်
မျက်နှာဖုံးတွေအောက်က အတ္တပါးပါးလေးကို မြင်တဲ့အခါ...... ကိုယ် ပြုံးမိတယ်
လူတွေဟာ ကိုယ့်ကိုကိုယ် အတ္တတွေနဲ့ထုံမွှမ်းပြီး ဟန်ဆောင်မျက်နှာဖုံးတပ်ထားကြတဲ့သတ္တဝါတွေပဲ
လောကဓံဆိုတာကို ကြားတဲ့အခါ ခပ်သောသောရယ်ဖြစ်တယ်
တကယ်တော့ လောကဓံဆိုတာ ကံဆိုးမသွားရာ မိုးလိုက်ရွာတတ်တဲ့အမျိုးပဲ......
အကောင်းအဆိုး အမှားအမှန် သေချာမသဲကွဲတဲ့အခါ
ဝေဖန် အပြစ်တင်မှုတွေကို
ခပ်ဆိတ်ဆိတ်ပဲ နားထောင်ပေးလိုက်တယ်
အမှန်တရားကိုသိလာတဲ့အခါ အလိုလို တိတ်ဆိတ်သွားကြတာချည်းပဲ.....
ကြောက်တယ်..... တဖြည်းဖြည်းကြောက်လာတယ်
မျက်လုံးတွေကို ကြောက်တယ်
နားတွေကို ကြောက်တယ်
နှုတ်ခမ်းတွေကို ကြောက်တယ်
တစ်ခါတစ်လေမှာ သူများတွေလင်းဖို့ ကိုယ့်ကိုကိုယ်မှောင်ပြလိုက်ရတာ ပိုအေးချမ်းတယ်
ကိုယ့်အတွက် ကိုယ်ရှင်သန်နေတာမို့
ကိုယ့်ကို အကဲဖြတ်ဖို့
ကိုယ့်ကို ဝေဖန်ဖို့.....
တစ်ခြားသူတွေမလိုဘူး
ကိုယ် ကိုယ်တိုင်ပဲ လိုတယ်.....
ကိုယ့်မျက်လုံးတွေကို မှိတ်လိုက်တယ်
ကိုယ့်နားတွေကို ပိတ်လိုက်တယ်
ကိုယ့်နှုတ်ခမ်းတွေကို ပိတ်လိုက်တယ်
အေးချမ်းစွာ အနားယူပါရစေ......
ကမ္ဘာကြီးပူနွေးလာတဲ့အကြောင်း မသိချင်ဘူး
ရာသီဥတုတွေ ဖောက်ပြန်လာတဲ့အကြောင်း မသိချင်ဘူး
ကမ္ဘာကြီးရဲ့ အနိဌာရုံတွေ မမြင်ချင်ဘူး
သတင်းယောင်ဆောင်တဲ့ အတင်းတွေကို မကြားချင်ဘူး
တစ်ယောက် ယောက်ကို အပြစ်တင်တဲ့စကားတွေမပြောချင်ဘူး.......
ပင်လယ်ကြီးကိုငေးမယ်
အတွေးတွေကို ရွက်လွှင့်မယ်
ခရုခွံလေးတွေ ကောက်ပြီးသီမယ်
သစ်ပင်လေးတွေကို စကားပြောမယ်
ကော်ဖီတစ်ခွက်၊ စာအုပ်တစ်အုပ်နဲ့ မိုးနေ့တွေကို ကုန်ဆုံးမယ်
လိုချင်တာတွေ မရနိုင်တဲ့ဘဝမှာ
အများကြီးမတောင်းဆိုပါဘူး
တစ်ခုလေးပဲ.....
စိတ်အေးချမ်းမှုလေးတစ်ခုပဲ လိုတယ်.....
မအိသဉ္ဇာကျော်
Under the pretended looks of the masked
I happened to smile to myself
when I saw someone's selfishness.
People are just like those creatures
focusing only on self-love and
wearing the masks to pretend.
when I heard about the ups and downs of life,
I laughed at it tumultuously.
Actually, the ups and downs of life is like
the saying: it never rains but pours.
Not knowing clearly whether
what is right or what wrong,
Being in silence and
just listening to others' criticism
I often did.
But when the truth appeared,
those criticism disappeared like the sun sets.
Feeling afraid;
And it became grower gradually.
I feel afraid of people's eyes.
I feel afraid of their ears,
and their lips too.
Sometimes, it's better to darken ourselves
for lighting others' ways to where they want.
As I live for myself,
To assess myself,
To give criticism on myself,
No one I need;
But myself I need.
Closing my eyes,
Shutting my ears
and my lips too.
Let me rest easy!
Not wishing to know how the Earth gets warmer,
Not wishing to hear about the abnormal climate change,
Not wishing to see unpleasant things happening in our world,
Not wishing to hear fake news.
And not wishing to blame one another for anything.
I'm to gaze at the vast rolling sea;
I'm to let my thought freely sail across it;
I'm to collect molluscs' shells;
and string them on a thread.
I'm to talk to the trees
and spend the rainy days
drinking coffee and reading a book.
In such a life
where I never get what I want,
Not very much I demand;
but just one thing I want
that is sheer pleasure.
HZH
alanya
ReplyDeleteamasya
ankara
antakya
antalya
GQ0D
alanya
ReplyDeleteamasya
ankara
antakya
antalya
EGZF