အိန္ဒိယသမုဒ္ဒရာ ကို ဗဟိုပြု၍ (ထွဏ်းသွေးအိမ်)
အိန္ဒိယသမုဒ္ဒရာ ကို ဗဟိုပြု၍

(၁)
လက်ထဲက လွှတ်ချလိုက်တဲ့ သဲပွင့်
အနည်းငယ် က တော့
ပျော်ရွှင်မှာပါ
ဒီသံသရာ
ဘယ်လိုလိုက်ရ လိုက်ရ
မင်းဘေးနားက လိုက်ချင်တဲ့ ဆန္ဒကို
လှိုင်းတွေက သွေးတိုးစမ်းတယ်
ကိုယ် နိုင်တယ် သိလား
(၂)
စိုးရိမ်စိတ်နဲ့ အရင်က
မော့ကြည့်ခဲ့ဖူးတဲ့ တိမ်တွေက
ဒီမှာလည်း ကိုယ့်ကို မှတ်မိတယ်
(၃)
မျက်ရည်နဲ့လုပ်တဲ့ မုန့်တွေ
လက်ထဲမှာ ကုန်သွားတဲ့ နောက်ပိုင်း
အရာရာ
မင်းအတွက်ပဲ အရင်တွေးပါတယ်
(၄)
ကံကြမ္မာ ဆိုတာ
ချောက်ထဲ ကျသွားတဲ့
သစ်ရွက်ခြောက်လေး တောင်
လေအပင့်မှာ
ပြန်တက်လာသေးတာပဲ
မင်း ရယ်သံ နဲ့ အပြုံး အနည်းငယ်
သိမ်းထားတဲ့
ဟောဒီ နှလုံးသားထဲ
ဘယ်တော့မှ မင်း ကို မနာကျင်ဘူး
(၅)
စာရွက်ဖြူဖြူလေး တစ်ရွက် ရှိလည်း
ကိုယ် လေယာဉ်ပျံ ပုံ မခေါက်ဘူး
ကိုယ် စက္ကူလှေ ပုံ မချိုးဘူး
အဲဒီ စာရွက်ပေါ်
မင်း နာမည်တွေ အပြည့်ရေးမယ်
ပေးခွင့်ရတဲ့ တစ်နေ့ မင်းကို ပေးမယ်
(၆)
ပြိုလဲခဲ့ပြီလားလို့
သူငယ်ချင်း တစ်ချို့ က မေးတယ်
ကိုယ် ရယ်မော ပြ လိုက်တယ်
သူငယ်ချင်းတွေ က ပြောတယ်
မင်း ငိုနေတာ တဲ့
လှိုင်းအပြန် ခေါ်သွားတဲ့
သဲပွင့်တွေလို
ကိုယ့်မှာ တစ်ခါတစ်လေ
ငြင်းခွင့်မရှိခဲ့ဘူး
(၇)
ဘဝထဲ
ငေးကြည့်နေရခြင်း ရက်တွေနဲ့
အချိန်ကုန်ခဲ့ပြီ
ဝင်းထရံဖေါက်ပီး ကျလာတဲ့
လရောင် ကို အားပြုနေရတဲ့
ကာလမှာ
အရာရာ ကိုယ် ရှုံးပါတယ်
(၈)
ထားခဲ့တာ မဟုတ်ပါဘူး
ကိုယ် နေခဲ့တာပါ
ယုန်နဲ့ လိပ် အပြေးပြိုင်တဲ့
အကြောင်းပါတဲ့ စာအုပ် ဖတ်ရင်း
ထွဏ်းသွေးအိမ်

(၁)
လက်ထဲက လွှတ်ချလိုက်တဲ့ သဲပွင့်
အနည်းငယ် က တော့
ပျော်ရွှင်မှာပါ
ဒီသံသရာ
ဘယ်လိုလိုက်ရ လိုက်ရ
မင်းဘေးနားက လိုက်ချင်တဲ့ ဆန္ဒကို
လှိုင်းတွေက သွေးတိုးစမ်းတယ်
ကိုယ် နိုင်တယ် သိလား
(၂)
စိုးရိမ်စိတ်နဲ့ အရင်က
မော့ကြည့်ခဲ့ဖူးတဲ့ တိမ်တွေက
ဒီမှာလည်း ကိုယ့်ကို မှတ်မိတယ်
(၃)
မျက်ရည်နဲ့လုပ်တဲ့ မုန့်တွေ
လက်ထဲမှာ ကုန်သွားတဲ့ နောက်ပိုင်း
အရာရာ
မင်းအတွက်ပဲ အရင်တွေးပါတယ်
(၄)
ကံကြမ္မာ ဆိုတာ
ချောက်ထဲ ကျသွားတဲ့
သစ်ရွက်ခြောက်လေး တောင်
လေအပင့်မှာ
ပြန်တက်လာသေးတာပဲ
မင်း ရယ်သံ နဲ့ အပြုံး အနည်းငယ်
သိမ်းထားတဲ့
ဟောဒီ နှလုံးသားထဲ
ဘယ်တော့မှ မင်း ကို မနာကျင်ဘူး
(၅)
စာရွက်ဖြူဖြူလေး တစ်ရွက် ရှိလည်း
ကိုယ် လေယာဉ်ပျံ ပုံ မခေါက်ဘူး
ကိုယ် စက္ကူလှေ ပုံ မချိုးဘူး
အဲဒီ စာရွက်ပေါ်
မင်း နာမည်တွေ အပြည့်ရေးမယ်
ပေးခွင့်ရတဲ့ တစ်နေ့ မင်းကို ပေးမယ်
(၆)
ပြိုလဲခဲ့ပြီလားလို့
သူငယ်ချင်း တစ်ချို့ က မေးတယ်
ကိုယ် ရယ်မော ပြ လိုက်တယ်
သူငယ်ချင်းတွေ က ပြောတယ်
မင်း ငိုနေတာ တဲ့
လှိုင်းအပြန် ခေါ်သွားတဲ့
သဲပွင့်တွေလို
ကိုယ့်မှာ တစ်ခါတစ်လေ
ငြင်းခွင့်မရှိခဲ့ဘူး
(၇)
ဘဝထဲ
ငေးကြည့်နေရခြင်း ရက်တွေနဲ့
အချိန်ကုန်ခဲ့ပြီ
ဝင်းထရံဖေါက်ပီး ကျလာတဲ့
လရောင် ကို အားပြုနေရတဲ့
ကာလမှာ
အရာရာ ကိုယ် ရှုံးပါတယ်
(၈)
ထားခဲ့တာ မဟုတ်ပါဘူး
ကိုယ် နေခဲ့တာပါ
ယုန်နဲ့ လိပ် အပြေးပြိုင်တဲ့
အကြောင်းပါတဲ့ စာအုပ် ဖတ်ရင်း
ထွဏ်းသွေးအိမ်
Comments
Post a Comment