ဒီလိုနဲ့ မကြိုဆိုဖြစ်တော့ဘူး (အေဆေ့)

ဒီလိုနဲ့  မကြိုဆိုဖြစ်တော့ဘူး


မကြိုဆိုလဲ ရောက်လာမယ့်နှစ်သစ်တွေ . . ...
ကိုယ့်ပျော်ရွှင်မှုတွေထက်  ဘယ်အရာက ပိုအရေးကြီးသလဲ ။

တနှစ်ထက်တနှစ်
အသက်တွေ ကြီး ကြီးလာလိုက်တာ 
တားမရ  ဆီးမရ ။

ပြောင်းလဲသွားတဲ့ အချိန်တွေ နဲ့ကိုယ့် ရည်ရွယ်ချက်တွေရဲ့
ပြောင်းပြန် အချိုးကျမှုတွေ . . . . 
ဒါမျိုးကျ  ဘယ်သီအိုရီနဲ့မှ  မဖြေရှင်းနိုင်တော့ ။

စိတ်အလိုမကျမှုတွေက
နှစ်ကူးမယ့် ညတွေကို ပိုအေးတယ်လို့  ထင်ရစေတယ်

ငယ်တုန်းကလို count down တွေရေတွက်ရင်း
" Happy new year" လို့ အော်ရင်း
လေထဲကိုလဲ ခုန်မတက်လိုတော့ ။

ရောက်လာမယ့်နှစ်သစ်မှာ နာကျင်စရာတွေက 
ပျောက်ကင်းမှာလား  ထပ်တိုးလာမှာလား မသေချာ

ကျနော်တို့ လဲ
 ဒီထက်ပို နီးကပ်လာမှာလား  ပိုဝေးသွားမှာလား
 ဒါဟာလဲ  မသေချာ
ဘယ်အရာမှ  မသေချာ ။

ကြိုမမြင်နိုင်တဲ့ အနာဂတ်တွေနဲ့
မကြိုဆိုလဲ ရောက်လာမယ့် နှစ်သစ်တွေကို
ကျနော် အထူးတလည်လုပ်ပြီး  မကြိုဆိုဖြစ်တော့ဘူး 

မရေရာခြင်းတွေနဲ့  ရှုပ်ထွေးနေတဲ့ ညနေခင်းရယ်ပါ
နွေးထွေး ပျော်ရွှင်ပါစေလို့ ပဲ  ဆုတောင်းပေးဖြစ်တော့မယ် ။ ။         

                                        Aဆေ့

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ