နင့်ကိုမေ့ရမယ်ဆိုရင်

နင့်ကိုမေ့ရမယ်ဆိုရင် 


နင့်ကိုမေ့ရမယ်ဆိုရင် 

စတွေ့ခဲ့တဲ့အချိန်တွေကိုမလွမ်းမိဖို့ 

နှင်းတွေကျတတ်တဲ့ မနက်ခင်းတွေမရှိတော့မှဖြစ်မယ် . .


နင့်ကိုမေ့ရမယ်ဆိုရင် 

နင်နဲ့ဆုံနေကျနေရာလိုမျိုး

မြေနီလမ်းလေးတွေ ကမ္ဘာမှာမရှိဖို့လိုတယ် . .


နင့်ကိုမေ့ရမယ်ဆိုရင်

ငါ့လက်ကိုဆုပ်ကိုင်ပေးဖူးတဲ့

နွေးထွေးတဲ့လက်တစ်စုံကို သတိမရဖြစ်ဖို့လိုတယ် . .


နင့်ကိုမေ့ရမယ်ဆိုရင် 

နင်ဆိုပြဖူးတဲ့ သီချင်းတစ်ချို့ 

ဟောဒီ လောကကြီးကနေ ပျောက်ကွယ်သွားမှဖြစ်မယ် . .


နင့်ကိုမေ့ရမယ်ဆိုရင် 

နင့်မွေးနေ့နဲ့တူတဲ့ ရက်တွေ လတွေကို နှစ်တိုင်း 

ပြက္ခဒိန်ထဲက ထုတ်ပစ်ထားဖို့လိုတယ် . .


နင့်ကိုမေ့ရမယ်ဆိုရင်

နောက်ဆုံးနှုတ်ဆက်ခဲ့တဲ့အချိန်တွေကိုမေ့နိုင်ဖို့

မိုးစက်တွေ ထပ်မရွာကျမှဖြစ်မယ် . .


နင့်ကိုမေ့ရမယ်ဆိုရင် 

ရုပ်ရှင်ရုံတွေ မရှိတော့ဖို့လိုတယ် . .


ထီးမဆောင်းဖြစ်တော့ဖို့လိုတယ် . .


ဖုန်းနံပါတ်တွေ မမှတ်မိတော့ဖို့လိုတယ် . . .


နင့်အကြောင်းတွေ မတွေးဖြစ်တော့ဖို့လိုတယ် . . .


ပြီးတော့ .  

ငါဆိုတာ မရှိတော့ဖို့လဲ လိုတယ် . . .


မိုင်မျိုးမျိုးဆန်း

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

လင်းမာအိုရေးတဲ့ကဗျာများ

ခရီးဖော် (မောင်မိုးအိမ်)