သစ္စာ (မိုင်မျိုးမျိုးဆန်း)


သစ္စာ


သစ္စာဟာ ရောဂါထူလာတယ်
သစ္စာဟာ သေကောင်ပေါင်းလဲ 
သစ္စာဟာ နေရာတကျ မြဲနေဖို့ ခက်ခဲသွားတယ် . .

သစ္စာဟာ မျိုးသုန်းလု သတ္တဝါ
သစ္စာဟာ ဒီနေ့ ခေတ်ရဲ့ မျက်နှာမွဲ 
သစ္စာဟာ ပွဲတိုင်းမှာ အနိုင်ရခဲလာတယ် . . .

သစ္စာဟာ အဆိပ်
သစ္စာဟာ ဆုပ်ကိုင်သူတိုင်းကိုရူးစေတယ် . .
သစ္စာဟာ ဆူးအထပ်ထပ်
သစ္စာဟာ ဖက်တွယ်ထားသူကိုနာကျင်စေပြန်ရော. .

သစ္စာဟာ အရယ်မောရဆုံး ပျက်လုံးတစ်ခု
သစ္စာဟာ ပြောလို့ ကောင်းရုံပုံပြင်တစ်ပုဒ်
သစ္စာဟာ အရူးတွေရဲ့ မျှော်လင့်ချက် 
သစ္စာဟာ ဂုဏ်ဒြပ်တွေအတွက် 
ခပ်ညံ့ညံ့ပြိုင်ဘက်တစ်ခုသာဖြစ်တယ် . .

သစ္စာဟာ ဓါးစာခံ
သစ္စာဟာ ရေလဲသုံးပြီးစွန့် ပစ်ခံရတဲ့ ကစားစရာ
သစ္စာဟာ အပြောသက်သက်အတွက် ဖန်တီးခံ 
သစ္စာဟာ လူသုံးနည်းတဲ့ ဖိနပ်တစ်ရံသာသာပဲဖြစ်တယ်. . .

သစ္စာကို ရှာတဲ့သူဟာ အရူးဖြစ်တယ် 
ဒါမှမဟုတ် 
အရူးတွေသာ သစ္စာကို ရှာဖွေကြတယ် . .
မည်သို့ ပင်ဆိုစေကာမူ 
သစ္စာမျှော်ဖူးသူ ငါသည်လဲ 
သူရူးတစ်ယောက်သာ ဖြစ်တယ် . .။

                                     မိုင်မျိုးမျိုးဆန်း

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ