အချိန်တစ်ခုကုန်လွန်သွားတဲ့အခါ.... (မိုင်မျိုးမျိုးဆန်း)

အချိန်တစ်ခုလွန်သွားတဲ့အခါ . .




တစ်ခါချော့လိုက်ရုံနဲ့

မကျေနပ်တာမှန်သမျှ မေ့ထားတတ်တဲ့ 

မိန်းကလေးဟာ ကိုယ်မဟုတ်တော့ဘူး. .


အလွမ်းတွေကို တခမ်းတနား

ဖွဲ့ ဆိုတတ်တာ ကိုယ်မဟုတ်တော့ဘူး. .


အသေးအဖွဲကအစ

တွေးရင်းနဲ့ ဝမ်းနည်းတတ်တာ

ကိုယ်မဟုတ်တော့ဘူး. .


ကတိစကားတစ်ခွန်းကိုယုံစားလို့ 

ဖြစ်မလာသမျှ ခံစားတတ်တာ 

ကိုယ်မဟုတ်တော့ဘူး. .


အဲ့ဒီအခါမှာ . .

အချစ်ဆိုတဲ့ အရာဟာလေ

ရင်ခွင်ထဲ ပိုက်ထားခဲ့ဖူးတဲ့ ဝက်ဝံရုပ်ကလေးလို 

ချောင်တစ်ချောင်မှာ ငြိမ်သက်နေကောင်းပါရဲ့ . . .


စွဲလန်းဖူးတဲ့ အတုအယောင်အကြင်နာတွေဟာလဲ 

ဆောင်းဦးရဲ့ သစ်ရွက်လေးတွေလို

လေအဝေ့မှာ 

လွင့်မြောသွားလိမ့်မယ် . .


ထုထည်ကြီးလှတဲ့ အလွမ်းဆိုတာလဲ 

တစ်ခါပြောဖြစ်မှ တစ်ခါပဲသတိရမိတော့မယ်ထင်ပါရဲ့ . .


ကိုယ်ခေါ်ဖူးတဲ့ နာမ်စားလေးတစ်ခုဟာလဲ 

မတော်တဆ ကြားမိတဲ့အခါမျိုးမှာ

ပြုံးရုံလေးပဲ ပြုံးမိသွားလောက်တဲ့အထိ

ဟောင်းနွမ်းသွားလိမ့်မယ် . .


အဲ့ဒီအခါ

အေးစက်စက် ဥပေက္ခာတွေနဲ့ 

ဖန်တရာတေနေတဲ့

နာကျင်မှုတွေကို ရင်မှာစုလို့ . . .

ကိုယ် သူ့ ကို 

မေ့တတ်သွားမှာပါလေ . . .။


                                 မိုင်မျိုးမျိုးဆန်း

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ