ချစ်လို့ရေးတဲ့ကဗျာ(၁) အောင်ဝေး




ချစ်လို့ရေးတဲ့ကဗျာ(၁)

                             

ဒီတစ်ခါ သေပြီးရင်
နောက်ထပ် မသေတော့ဘူး
မြစ်က။

အချစ်လည်း ဒီလိုပဲ
ဘယ်လိုလဲဆိုတော့ကာ
ဟိုလေ … ။

မြစ်ကို သေအောင်သတ်ပြီးမှ
ရေလည်း မစီးဘူး
လှိုင်းလည်း မခွပ်ဘူး
ကမ်းပါးလည်း မညွှတ်ဘူး မပြောနဲ့။

အချစ်က
တစ်သက်မှာ တစ်ခါပဲ ရှင်ရတာ။

မြစ်ကလည်း
တစ်ခေတ်မှာ တစ်ခါပဲ ဖြတ်သန်းရတာ။

” ခေတ်ကြီးက မစွံပါဘူးရှင် ”
မတရား မပြောပါနဲ့ ခင်ရယ်။

သတ္တိရှိရင်
ရဲရဲချစ်လိုက်ပါ
ခင်ဖြတ်သန်းနေတဲ့ ခေတ်ကို
ချစ်လိုက်ပေါ့ ။

ဗမာပြည်မှာ
ချစ်လို့သေတဲ့မသာ မရှိပါဘူး။ ။

အောင်ဝေး

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ