ကိုယ်..ဒီကဗျာကို ခေါင်းစဉ်မတပ်ပါရစေနဲ့ (မိုင်မျိုးမျိုးဆန်း)



ကိုယ်..ဒီကဗျာကို ခေါင်းစဉ်မတပ်ပါရစေနဲ့


ဒဏ်ရာပေါ် ဒဏ်ရာထပ်တော့ 
ဒဏ်ရာတွေ အဆက်မပြတ် 
ဒဏ်ခတ်ခံရတယ် 
လူပြောများကြတာတော့ 
ဝဋ်ကြွေးဆိုတာ ဆပ်ဖို့ မလွယ်ဘူးတဲ့ 
ချစ်မိတာကိုက ဝဋ်နာ ကံနာ ထင်ပါရဲ့  . .

အရှုံးလို့ အမည်မပေးရက်တဲ့ အရှုံးတွေနဲ့ 
တဖြည်းဖြည်း အချစ်က နိဂုံးဆန်လာတယ် 
မေးထူးခေါ်ပြောအဆင့်နဲ့ပဲ 
အကြင်နာတွေက လေတိုက်တိုင်းလွင့်ပါးသွားကြတယ် 
ငါက မာနကြီးတယ်ဆိုရင် 
မင်းကိုယ်မင်း ရက်စက်ခြင်းလို့ ခေါင်းစဉ်တပ်ပါလေ . .

ညဥ့်နက်တိုင်း မျက်စိကိုစုံမှိတ်လို့ 
အိပ်မပျော်ပဲ အလွမ်းအိပ်မက်တွေမက်မက်နေတာခက်တယ် 

သတိရခြင်း ၁

သတိရခြင်း ၂ 

သတိရခြင်း ၃ 

အိပ်စက်ခြင်းကတော့ လုံးလုံးရောက်မလာခဲ့ဘူး
ရေတွက်ဖို့ ခက်တဲ့ သတိရခြင်းတွေနဲ့လေ . .

အမှောင်ကမ္ဘာမှာ ပုန်းကွယ်ရမလား
လွမ်းရတာတောင် တိုးတိုးတိတ်တိတ် 
ဆိတ်ငြိမ်ရာအရပ်က ဆုတောင်းခွင့်ပြုပါ 
နီးစပ်ဖို့ မလုံလောက်ခဲ့ရင် 
လုံလောက်စွာ ဝေးပါရစေသား. . .

အလားတူ တေးသွားမျိုးနဲ့
ငြီးတွားလို့ နာကျင်ရခြင်းမှ ဝေးပါစေ . . .

သံသရာ အဆက်ဆက် . .
သံသရာ အဆက်ဆက်အထိပေါ့ . . .။
    
                             မိုင်မျိုးမျိုးဆန်း

Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

ခရီးဖော် (မောင်မိုးအိမ်)

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ