ငါ့ကန္တာရ (ဖြိုးဝေအောင်)



ငါ့ကန္တာရ


(၁)
ငါ့နှလုံးသား ကန္တာရမှာ
နင့်အချစ်တွေက
ရေမှုန်ရေစက်တွေလို
ရှားပါးလိုက်တာဟာ
(၂)
တအီအီရွေ့လျားနေတဲ့
နင့်အချစ်တိမ်တိုက်တွေက
ငါ့အပေါ် ကို
အစုလိုက်အပြုံလိုက်
အုံလိုက်ကျင်းလိုက်
ပြိုကျပါတဲ့လား
(၃)
ပူပြင်းခြောက်သွေ့လှတဲ့
ငါ့နှလုံးသား သဲစလေးတွေက
အလွမ်းလေပြင်းတိုက်ခတ်တိုင်း
ဆို့နင့်ကြေကွဲရင်းနဲ့
ဟိုတစ်စ သည်တစ်စ လွင့်ကျ
ကိုယ်စီကိုယ်ငှ
ဒဏ်ရာရကြတယ်
(၄)
ခုတော့လေ
ငါ့ရင်ခွင်မှာ
နင့်ရဲ့ဥပေက္ခာ
အိုအေစစ်ကြီးက
စိမ်းလို့ စိုလို့
(၅)
ဝေဒနာဆိုတာတွေဟာ
ငါ့အတွက်တော့
တရွေ့ရွေ့ တအီအီ ခရီးချီနေတဲ့
ကန္တာရ ကုလားအုတ်တစ်ကောင်ထက်
ပိုလို့တောင် မြင့်မားနေပါတယ်
(၆)
ငါ့ရင်ခွင် ကန္တာရ နယ်ပယ်မှာ
နင့်အချစ်တွေ
မျိုးသုဉ်းသွားပြီထင်ပါတယ်

                              ဖြိုးဝေအောင် (SUOE)

Comments

Popular posts from this blog

ချစ်ခြင်း (ဖြိုးဝေအောင်) translated by HZH

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

ကျွန်တော့်စာသင်ခန်းထဲ၌ (ဖြိုးဝေအောင်)