ရွာသူဖြစ်ချင်တယ် (မိုင်မျိုးမျိုးဆန်း)
ရွာသူဖြစ်ချင်တယ်
ဘယ်သူတွေ
ဘယ်လိုလက်ညှိုးထိုးထိုး
ရွာသူတစ်ယောက်ဖြစ်ချင်တယ်. . .
ဆယ့်နှစ်ကြိုးအတတ်တွေနဲ့
ရင်ခွင်ကိုထွင်းဖောက်လို့ 
အတွေးထဲကို မွှေနှောက်ကြည့်မယ်. .
ပညာတွေ အစွမ်းကုန်သုံးလို့ 
နှလုံးသားကို ပြုစားကြည့်မယ်. .
တစ်ခါ တစ်ခါ တော့
နူးညံ့ခြင်းရဲ့ သမီးပျို. .
တစ်ခါ တစ်ခါတော့
အကျည်းတန်တဲ့ဒေါသတွေနဲ့
တစ်ခါ တစ်ခါတော့လဲ
စိတ်ကူးယဉ်နန်းတော်ထဲကို
အလည်အပတ်ခေါ်လိုက်မှာပေါ့. .
မျက်ရည်တွေပုလဲဖြစ်စေ
ရယ်မောခြင်းတွေ ရွဲဖြစ်စေသား
ငါမုန်းတဲ့ကောင်မလေးတွေတော့
လေလို ပြာလို
ခပ်ဝေးဝေးဆီမျှောပစ်လိုက်မယ် . .
အပ်ချလောင်း
သူ့ နှလုံးသားမှာ
ကိုယ်သာရှိစေသား။ ။
မိုင်မျိုးမျိုးဆန်း
Comments
Post a Comment