ဆပ်ကပ်ကြည့်သူ (သော်ဒီဝေ) Translated by Dr.Soe Than
ဆပ်ကပ်ကြည့်သူ
-သော်ဒီဝေ
သူတို့ပေါ့ . . .
အလျှုံငြီးငြီးမီးတောက်တွေကြား ဒိုင်ဗင် ထိုးပြကြ
ဟန်ချက်မပျက် တစ်ဘီးတည်းနဲ့ လှိမ့်ပြကြ
ကြိုးတန်းပါးပါးလေးပေါ်၊
သက်စွန့်ဆံဖျားလမ်းလျှောက်ပြကြ
သံတိုင်တွေရဲ့ကြား၊
သားရဲတိရစ္ဆာန်များနဲ့ဆော့ကစားပြကြ
နောက်...တစ်ယောက်ကိုတစ်ယောက်
အသွားချွန်ထက်ဓားတွေနဲ့ ပစ်ပေါက်ပြကြနဲ့၊Circus Spectators
They...
dive into raging flames,
balance finely on a unicycle,
seemingly risking their lives
walk on tight rope,
behind iron bars
play tricks with wild beasts,
and even... throw
sharp daggers at each other.
ဒါပေမယ့် သူတို့ဟာ
ဘယ်တော့မှလည်း အသည်းမကွဲကြ
ဘယ်တော့မှလည်းမနာကျင်ကြဘူး။
However, they
are never heartbroken,
never hurt as well.
တကယ် အသည်းကွဲကြ
တကယ် နာကျင်ကြရသူတွေကတော့
အဲ့ဒီအစီအစဉ်တွေကို ငေးမောကြည့်နေကြတဲ့
ပရိသတ်တွေမျှသာ ဖြစ်တယ်။
Those who are heartbroken
and genuinely hurt are
the spectators,
gazing at this show in awe.
သော်ဒီဝေ
Translation: Dr. Soe Than
Comments
Post a Comment