ခရီးဖော် (မောင်မိုးအိမ်)



ခရီးဖော်


ဘယ်သူမှ မပါဘူး

မင်းလိုက်မှ ကိုယ်နဲ့ နှစ်ယောက်တည်း။


ကိုယ့်မှာ

ပန်းပွင့်လေးတွေ ရှိတယ်

စမ်းချောင်းလေးတွေ ရှိတယ်

ငှက်ကလေးတွေ ရှိတယ်

မျှော်လင့်စရာ တောင်တန်းတွေ ရှိတယ်။


လမ်းခရီးမှာ

ပန်းကလေးတွေက လွယ်လွယ် မပွင့်ပါဘူး

ဒါပေမဲ့ မင်းအတွက် ကိုယ် ခူးမယ်။


စမ်းချောင်းကလေးတွေကလည်း

ချောက်ကမ်းပါးတွေရဲ့ ဟိုဘက်မှာ

ဒါပေမဲ့

မင်းကို ရောက်အောင် ခေါ်သွားမှာပါ။


ငှက်ကလေးတွေကလည်း

လက်နက်တွေရဲ့ ဟိုအဝေးမှာပါ… … 

မကြောက်ပါနဲ့ကွာ

ငြိမ်းချမ်းရေးကို ဆောင်သွားမှာပေါ့။


မျှော်လင့်စရာ တောင်တန်းတွေဆီကိုလည်း

လက်တွဲမဖြုတ်တမ်း လှမ်းမယ်ကွယ်

အမြင့်ကို ရောက်လေ

ရှုခင်းတွေ ပိုလှလေ။ ။

                                                    မောင်မိုးအိမ်




Comments

Popular posts from this blog

ထူးခြားလှတဲ့ တန်ခူးလနှင့် အတာကူးတဲ့ သင်္ကြန် (credit- original writer)

လင်းမာအိုရေးတဲ့ကဗျာများ