ငြိမ်းချမ်းပါစေ ကမ္ဘာမြေ (ဖြိုးဝေအောင်)


ငြိမ်းချမ်းပါစေ ကမ္ဘာမြေ


ဇလပ်ဖြူ ဖြူ လည်း
သင်းကြူ နိုင်ပါစေ

ရွာအဝင်လမ်းမှာလည်း 
တမာပင်တန်းတွေရှိပါစေ

မိသားစုထမင်းပွဲမှာလည်း 
လက်ဆုံနွှဲနိုင်ပါစေ

ပင်လယ်ကမ်းနားမှာလည်း 
ဓနိတန်းများရှိပါစေ

နဖူးပြင်မှာလည်း 
နံ့သာတွေတင်နိုင်ပါစေ

လှယမင်းခင်လည်း 
ကကြိုးဆင်နိုင်ပါစေ

ရထားကြီးကိုလည်း 
ပျော်ပျော်စီးနိုင်ပါစေ

လဝါဝါလည်း 
ထိန်ထိန်သာနိုင်ပါစေ
တောင်းဆုအသင်္ချေ ခြွေလိုက်သည်

သူသူငါငါမှာ
လောဘတွေကိုမှောက်
ဒေါသတွေကိုဖျောက်
မောဟတွေလွင့်စင်ပျောက်မှ
ငြိမ်းချမ်းရေးဆီရောက်တော့မယ်

ချစ်စဖွယ် ကလေးငယ်တွေရဲ့အနာဂတ်
ချိုးဖြူ တံဆိပ်ကပ်ဖို့
လူတချို့ရဲ့အတ္တ
ခဝါချဖို့လိုပြီလေ။       ။
                            ဖြိုးဝေအောင်

Comments

Popular posts from this blog

နောက်ဆုံးစာမေးပွဲ (လင်္ကာရည်ကျော်)

ရေစီးကြောင်း ပေါ် က အမှိုက်ဆိုတာ သူရပ်ချင်တဲ့နေရာ ရပ်လို့ မရဘူး မိဝေ (ထွဏ်းသွေးအိမ်)

ကျွန်တော့်စာသင်ခန်းထဲ၌ (ဖြိုးဝေအောင်)