ဖိနပ္ကေလး တစ္ရံ (ေမာင္မိုးအိမ္)

ဖိနပ်ကလေး တစ်ရံ
(၁)
အို---
ဖိနပ်အသစ်လေး ချစ်စရာ
ဒီကနေ့မှ ရောက်တာထင်ရဲ့
ရှိုပြီးသား (၇) ရံ ခေတ်မမီပြန်တော့ဘူး။
(၂)
အို---
သူငယ်ချင်းမ
ကျွန်မ မဝယ်ရသေးတဲ့ ဖိနပ်လေးနဲ့
လှလိုက်တာ … … …။
(၃)
ရွာက အမေ့ဆီ
အခါတိုင်း အခေါက်တွေ တုန်းကလို
ကပွဲ ရှိလို့ပါ အကြောင်းပြ
ကျွန်မ ငွေမှာရင် ရပါတယ်။
(၄)
ဒါပေမဲ့
ကျွန်မ လိုချင်တဲ့ ဖိနပ်လေးဟာ
သူတစ်ပါး ယာမြေမှာ
အမေ့လုပ်အားခ (၁၀) ရက်စာ။
(၅)
နေကလည်း ပူလိုက်တာနော်
"နေပူမခံချင်ရင် ပညာသင်ပါ" တဲ့
နေပူထဲက အမေ
ကျွန်မကို ဆုံးမဖူးတာတွေ… … …။
(၆)
လမ်းဆိုတာ လှမ်းဖို့ပါပဲလေ
လမ်းတွေဟာ ဖိနပ်အမျိုးအစားမှ မရွေးတာ
ကျွန်မ အမေ
ကားဖိနပ်အစုတ်နဲ့ တောအလုပ် လုပ်တယ်
အလှူပွဲလမ်းတွေမှာ
ကျွန်မ စီးပြီးသား ဖိနပ်နဲ့
အမေဟာ ကျေနပ်ခဲ့တယ်။
(၇)
ကျွန်မလေ… … …
ဖိနပ်ကလေးတစ်ရံကို
အမှန်တကယ် မလိုချင်တော့တာ
အမေ့ကို ပြောပြဦးမှာပါ။ ။
မောင်မိုးအိမ်
Comments
Post a Comment