မြတ်နိုးခြင်း (မောင်မိုးအိမ်)
မြတ်နိုးခြင်း
လက်ခုလေးနဲ့ ဟင်းအိုးကို မ,လိုက်ပုံလေး
အငြိမ့်သမလေးက ငေးရလောက်ရဲ့
နိုင်ငံရေးဆိုတာ မီးဖိုချောင်ထဲမှာ မင်းနဲ့ပတ်သက်လို့
မင်းမှာ လွှတ်တော်ကို တင်ပြစရာတွေလည်း များလှချည့်
ဆန်ဈေး ဆီဈေး သား ငါး ကုန်စိမ်းဈေး
ကိုယ်ဖတ်နေတဲ့ ဂျာနယ်ဈေးလည်း ပါမယ် ထင်ရဲ့။
တိုင်းတစ်ပါးယဉ်ကျေးမှု
အစားအသောက် အဝတ်အထည် အသုံးအဆောင်
ယောင်လို့မှ လှည့်မကြည့်
အကွဲအပြဲ အတိုအထွာဝေးစွ
ခြေဖမိုးနုနုပေါ် ပန်းကလေးတွေ စုလို့
ခြေတစ်လှမ်းဟာ ဣနြေ္ဒပြခန်းဖြစ်
မြင်သူ ငေးရစ်ပေတော့။
ရိုးရိုးလေး
ယဉ်ယဉ်လေး
စကားပြောတာကအစ သိမ်သိမ်မွေ့မွေ့လေး
မယ်စကြာဝဋ္ဌာတွေ
ကြိုက်သလောက်လျှောက်
မင်း… … … သားလေးကို ဓမ္မစက္ကူး ကြိုတာ ပို့တာလောက်
ကြည့်လို့ မကောင်း
မင်း… … …သားလေးကို စာဖတ်ပြတာလောက် ကြည့်လို့မကောင်း
မင်း… … …ကိုယ့်အတွက် ကော်ဖီဖျော်တာလောက် ကြည့်လို့မကောင်း။ ။
မောင်မိုးအိမ်
Comments
Post a Comment