တပည့်ဆရာမလောင်းသို့ (၂) (Ideal) သမီးရေ . . . ဒီနေ့ တော့ Ideal ဆိုတဲ့စကားလုံးလေး အကြောင်းပြောပြချင်တယ် တစ်ကယ်တော့ ပညာရေးလောကသားတိုင်း ဒီစကားလုံး လေးနဲ့ရင်းနှီးပြီးသားပါ . . အဓိပ္ပါယ်ကတော့ စံနမူနာဖြစ်သောပေါ့ . . . ထပ်ပြောရရင် ldeal ဆိုတာ အတုယူချင်လောက်အောင်ကို နှစ်သက်စရာကောင်းနေတာမျိုးပေါ့ . . Ideal person ဆိုရင် စံပြပုဂ္ဂိုလ်လို့တို့ တွေ မြန်မာ မှုပြုလေ့ရှိကြတယ် . . . တို့ တွေ စံပြပုဂ္ဂိုလ်တွေအများကြီးကို သိကြတယ် ဥပမာ - ငြိမ်းချမ်းစွာ ဆန္နပြတဲ့နေရာမှာမဟတ္တမဂန္ဒီဟာ ideal person,မေတ္တာတရားကို အလေးထားတဲ့နေရာမှာ မာသာထရီဇာဟာ ideal person ,မိန်းကလေးတွေစာတတ်မြောက်ခွင့်ရရေးကြိုးပမ်းတဲ့နေရာမှာ "မာလာလာ" သည် ideal person ပေါ့ . . ဒါပေမယ့် . . တို့ တွေဟာ မဟတ္တမဂန္ဒီရဲ့ ငြိမ်းချမ်းမှုကို အတုယူကောင်းယူမယ် သူ့ ရဲ့ ဟန်ပန်ကို အတုယူလေ့မရှိဘူး.... မာသာထရီဇာကို နှစ်သက်ပေမယ့် သူ့ ရဲ့ ဝတ်စားဆင်ယဉ်မှုကို အတုမယူလေ့ဘူး. . . မာလာလာရဲ့့စိတ်ဓါတ်ကိုလေးစားပေမယ့် သူ့ ရဲ့ လေယူလေသိမ်းကိုအတုမခိုးဘူး. . ဒါပေမယ့် သမီးရေ . . ဆရာ/မ ဆိုတာကတော့ကမ္ဘာမကျော်ပေမယ့်အပြုအမူ အပြောအဆို အနေအထ...
Comments
Post a Comment