Posts

Showing posts from October, 2018

အိပ်မက်အသေနဲ့လူ (မိုင်မျိုးမျိုးဆန်း)

Image
အိပ်မက်အသေနဲ့လူ စိတ်ကိုချုပ်တီးပြီးကြေကွဲရတာနဲ့  စိတ်လွတ်လက်လွတ်ကြေကွဲရတာ  ဘယ်အရာက ပိုနာကျင်စေမလဲကိုယ်မသိဘူး . . တစ်ကယ်ပါ  ဘာဆုမှမပန်ဖြစ်ခဲ့ဘူး  မျက်နှာလေးကိုစိတ်လွတ်ကိုယ်လွတ်ငေးခွင့်ရရုံနဲ့ကိုယ်ကျေနပ်ပြီ အင်းးး ကျေနပ်တတ်ခဲ့ရတယ်ပေါ့ . . လွမ်းဆွတ်စရာပါပဲ . . ဝေးနေကျပေါ့  ခရီးအကွာအဝေး မိုင်တိုင်တွေနဲ့ပဲတွက်တွက် မဆုံနိုင်တဲ့သံသရာနဲ့ပဲတွက်တွက်  အနာဂါတ်ခြင်းမတူညီမှုနဲ့ပဲတွက်တွက်ပေါ့  မငိုဖြစ်တော့ပါဘူး အနည်းဆုံးတော့ စိတ်ချင်းနီးစပ်နေသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ်ညာထားတယ်လေ . . မနက်မိုးလင်းရင်သူအရင်ဆုံးသတိရသူကိုယ်ဖြစ်ပါစေလို့ အတ္တမကြီးတတ်တော့ဘူး . . လက်ချင်းတွဲလို့လမ်းလျှောက်ရတာ ဒါနောက်ဆုံးမဖြစ်ပါစေနဲ့လို့ ဆုမတောင်းဖြစ်တော့ဘူး . . ကောင်မလေးတွေနဲ့ ကင်းကင်းနေနော်လို့ သဝန်မတိုတော့ဘူး. . မဆိုးပါဘူး . . အနာဂါတ်ပျောက်တယ်ဆိုတာ အရေးမပါတဲ့အတော်များများကို  စွန့်လွှတ်ပစ်လိုက်ရလို့ပေါ့ပါးသားပဲ . . အနာဂါတ်ကိုလောဘမတက်ရလို့ ဆို့နင့်နေရတာကလွဲလို့ပေါ့ . . .   နေသားလဲကျနေပါပြီ . . အချစ်ရေ . . . ကိုယ်က  ဝမ်းနည်းခြင်းရော ပျော်ရွှင်ခြင်းရောမရှိတော့တဲ့လူပါ  အဆုံးစွန်ထိပျော်ရွှင်ပြီး အဆ

နင့်ကိုမေ့ရမယ်ဆိုရင်

နင့်ကိုမေ့ရမယ်ဆိုရင်  နင့်ကိုမေ့ရမယ်ဆိုရင်  စတွေ့ခဲ့တဲ့အချိန်တွေကိုမလွမ်းမိဖို့  နှင်းတွေကျတတ်တဲ့ မနက်ခင်းတွေမရှိတော့မှဖြစ်မယ် . . နင့်ကိုမေ့ရမယ်ဆိုရင်  နင်နဲ့ဆုံနေကျနေရာလိုမျိုး မြေနီလမ်းလေးတွေ ကမ္ဘာမှာမရှိဖို့လိုတယ် . . နင့်ကိုမေ့ရမယ်ဆိုရင် ငါ့လက်ကိုဆုပ်ကိုင်ပေးဖူးတဲ့ နွေးထွေးတဲ့လက်တစ်စုံကို သတိမရဖြစ်ဖို့လိုတယ် . . နင့်ကိုမေ့ရမယ်ဆိုရင်  နင်ဆိုပြဖူးတဲ့ သီချင်းတစ်ချို့  ဟောဒီ လောကကြီးကနေ ပျောက်ကွယ်သွားမှဖြစ်မယ် . . နင့်ကိုမေ့ရမယ်ဆိုရင်  နင့်မွေးနေ့နဲ့တူတဲ့ ရက်တွေ လတွေကို နှစ်တိုင်း  ပြက္ခဒိန်ထဲက ထုတ်ပစ်ထားဖို့လိုတယ် . . နင့်ကိုမေ့ရမယ်ဆိုရင် နောက်ဆုံးနှုတ်ဆက်ခဲ့တဲ့အချိန်တွေကိုမေ့နိုင်ဖို့ မိုးစက်တွေ ထပ်မရွာကျမှဖြစ်မယ် . . နင့်ကိုမေ့ရမယ်ဆိုရင်  ရုပ်ရှင်ရုံတွေ မရှိတော့ဖို့လိုတယ် . . ထီးမဆောင်းဖြစ်တော့ဖို့လိုတယ် . . ဖုန်းနံပါတ်တွေ မမှတ်မိတော့ဖို့လိုတယ် . . . နင့်အကြောင်းတွေ မတွေးဖြစ်တော့ဖို့လိုတယ် . . . ပြီးတော့ .   ငါဆိုတာ မရှိတော့ဖို့လဲ လိုတယ် . . . မိုင်မျိုးမျိ