Posts

Showing posts from September, 2018

အချိန်ပိုင်းချစ်သူ both by Dr.Soe Than

Image
အချိန်ပိုင်းချစ်သူ နေ့တိုင်း အချိန်တိုင်း နေရာတိုင်းမှာ မလုပ်ချင်တာတွေ လုပ်နေရပေမဲ့ သေချာတာက ညအိပ်တဲ့ခါ အိပ်မက်ထဲမှာ မင်းဆီ လာလည်မှာ။ part-time lovers any day any time any place though i'm doing what i dislike one thing's for sure: when i fall asleep in my dream i will call on you. Both by Dr.Soe Than

ကမ်းနားလမ်း (ဖြိုးဝေအောင်​) translated by Ah Mon

Image
ကမ်းနားလမ်း ရေစီးသံတွေကို နားနဲ့ဆတ်ဆတ်  ကြားလိုက်ရပြီ ။ ။ ဘာတွေ မျောပါလာဦးမလဲ ကျွန်တော်ဆက်၍ မသိလို ။ ။ ကမ်းနားဆိုတိုင်းလည်း ခမ်းနားနေတာမှမဟုတ်ဘဲ အမှိုက်တွေနဲ့ ဒိုက်တွေနဲ့ ။ ။                                   ဖြိုးဝေအောင် (SUOE)                                    22. 7. 2018 (Sun) Road by the Riverside Just plainly hear the flow in the river Wishless to know what are going to be set adrift next Nor is every riverside a grand one Garbages and wastes on the banks of some...                                                         Ah Mon

စစ်ပွဲတွေ မရှိတော့တာ ကြာပြီ (မောင်​မြတ်​သူ)

Image
စစ်ပွဲတွေ မရှိတော့တာ ကြာပြီ သေနတ်လွယ်ထားတဲ့ စစ်သားတွေ နိုင်ငံမြေပုံကို နင်းသွားတာတွေ့တော့ အသုဘသီချင်းသံကိုပဲ ငါကြားနေရတယ်။ . ငါသိတာတော့ သူတို့က စစ်တိုက်နေတာမဟုတ်ဘူး၊ ထမင်းကြမ်းခဲစားရင်း အသေခံနေတာ။ ငှက်ဖျားဒဏ်ခံပြီး အသေခံနေတာ။ . နိုင်ငံတော်လူကြီးမင်းတွေ ချမ်းသာပြီးတည်းက စစ်ပြီးသွားတာကြာပြီ။ . ဒါကို သူတို့ တကယ်မသိကြဘူး။ . ရေဒီယိုတွေ နားမထောင်ဘူးလား၊ သတင်းစာတွေ မဖတ်ရဘူးလား မသိ၊ ဒါကို သူတို့ တကယ်မသိကြတာ။ . အိမ်နီးချင်းတွေလည်း စီးပွားရေးပဲ လုပ်နေတာ၊ အစိုးရလူကြီးတွေလည်း စီးပွားရေးပဲလုပ်နေတာ၊ စာသင်ကျောင်း မဆောက်ချင်တဲ့ လူကြီးတွေ ဘန်ကာ ဆောက်နေကြတာဟာ စစ်တိုက်တယ်လို့ လုံးစေ့ပတ်စေ့ မခေါ်ဘူး။ . ငါ့မျက်စိရှေ့မှာ သေနေတဲ့အလောင်းတွေက စစ်တိုက်လို့ သေနေတာတွေ မဟုတ်ဘူး။ . ဟိုခြေပြတ်၊ လက်ပြတ် ယောင်္ကျားများဟာလည်း စစ်တိုက်လို့ ဒုက္ခိတ ဖြစ်သွားတာ မဟုတ်ဘူး။ . တကယ်တော့ စစ်တိုက်တယ်ဆိုတာ ဘယ်မှာမှ မရှိတော့တာ ။ အီရတ်မှာ အမေရိကန်တွေ ရေနံတူးတာကို စစ်တိုက်တယ်မခေါ်ဘူး။ ကင်ဂျုံအန်က နန်းတော်ကို နယူးကလီးယားနဲ့ဆောက်နေတာကို စစ်တိုက်တယ်မခေါ်ဘူး။ . စစ်ပွဲရှိတယ်လို့ အလိမ်ခံရတဲ့ စစ်သားတွေ