Posts

Showing posts from August, 2018

မာန် (ဒေါင်းနွယ်ဆွေ)

Image
  မာန်  အပွင့်ကိုခူး အဖူး ငါ့မှာ ကျန်သေးတယ် ။ အဖူးကို ဖျက် အခက် ငါ့မှာ ကျန်သေးတယ် ။ အခက်ကို ချိုး အရိုး ငါ့မှာ ကျန်သေးတယ် ။ အရိုးကို နှုတ် အငုတ် ငါ့မှာ ကျန်သေးတယ် ။ အငုတ်ကို ပယ်ရွေ့ မျိုးစေ့ ငါ့မှာ ကျန်သေးတယ် ။ မနက်ဖြန်ဆို ငါပင်ပျိုသည် ဝေစည်စိမ်းလျှက် သီးပွင့်ရွက်နှင့် ခက်လက်ဝေဆာ မြေကမ္ဘာမှာ သာယာဝင့်လန်း မေတ္တာဖျန်းပြီး ငါ့လမ်း ငါလျှောက်နေဦးမယ် ။ ။ ဒေါင်းနွယ်ဆွေ

ဆရာဆန်း​ကျော်​ဝင်းရဲ့ကဗျာ

Image
လူတိုင်းမှာ ဘယ်တော့မှမဆုံနိုင်ပေမယ့် ဘယ်လိုမှမေ့မရတဲ့လူတစ်ယောက်တော့ ရှိခဲ့ကြမယ်… နှစ်တွေကြာတဲ့အခါ ပြင်းပြင်းရှရှ မလွမ်းတော့ပေမယ့် ပြန်တွေးတိုင်း မျက်ရည်ဝဲစေမယ့် အမှတ်တရတွေ… " အတူပျော်ဖူးတဲ့လူထက်   အတူငိုဖူးတဲ့လူကို ပိုသတိရတယ် "ဆိုလား ငါတို့နှစ်ဦးသား တစ်ယောက်မျက်ရည်တစ်ယောက်သုတ်ခဲ့တာ ပေါင်မုန့်တစ်ခုကို တစ်ယောက်တစ်ဝက်ဖဲ့စားခဲ့တာ ၂၀၀တန်တစ်ရွက်ကို တစ်ယောက်အိပ်ကပ်ထဲတစ်ယောက်တစ်လှည့်စီ ပြန်ထည့်ပေးတဲ့ကရုဏာတွေ ထမင်းချိုင့်တစ်ဆင့်ကို တစ်လှည့်စီ ခွံ့ပြီး မဝရေစာ ပျော်ရွှင်ချိန်များ… ဆိုင်ကယ်အပျက်လေး တစ်လှည့်စီတွန်းရင်း သီချင်းတွေ အော်ဆိုဖူးတာ ထီလက်မှတ်လေးကိုင်ရင်း အနာဂတ်ကို အော်ဟစ်ရင်ခုန်မိတဲ့အချိန်တွေ ယောက်ျားရင့်မာကြီးဆိုပေမယ့် အရမ်းဝမ်းနည်းတဲ့အခါ နင့်ရင်ခွင်ထဲ ခေါင်းထည့်ငိုချင်တယ်။ ထူးထူးဆန်းဆန်း စုံတွဲပေါ့… တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း တစ်ယောက်ပခုံး တစ်ယောက်မှီရင်း လမ်းခွဲဖို့ ဆွေးနွေးဖြစ်ကြတယ် ။ အရမ်းချစ်သူတိုင်း လမ်းမခွဲဖြစ်ဘူးလို့ ထင်သလား ဘဝတစ်လျှောက်လုံး အသက်ရှူချောင်ဖို့အတွက် အသက်ရှူကြပ်ခဲ့ရတဲ့ အချိန်တွေ ။ ဆန္ဒ/ခံယူချက်/အတွေးအခေါ် တစ်ခုမှမ