Posts

Showing posts from December, 2018

ဒီလိုနဲ့ မကြိုဆိုဖြစ်တော့ဘူး (အေဆေ့)

Image
ဒီလိုနဲ့  မကြိုဆိုဖြစ်တော့ဘူး မကြိုဆိုလဲ ရောက်လာမယ့်နှစ်သစ်တွေ . . ... ကိုယ့်ပျော်ရွှင်မှုတွေထက်  ဘယ်အရာက ပိုအရေးကြီးသလဲ ။ တနှစ်ထက်တနှစ် အသက်တွေ ကြီး ကြီးလာလိုက်တာ  တားမရ  ဆီးမရ ။ ပြောင်းလဲသွားတဲ့ အချိန်တွေ နဲ့ကိုယ့် ရည်ရွယ်ချက်တွေရဲ့ ပြောင်းပြန် အချိုးကျမှုတွေ . . . .  ဒါမျိုးကျ  ဘယ်သီအိုရီနဲ့မှ  မဖြေရှင်းနိုင်တော့ ။ စိတ်အလိုမကျမှုတွေက နှစ်ကူးမယ့် ညတွေကို ပိုအေးတယ်လို့  ထင်ရစေတယ် ငယ်တုန်းကလို count down တွေရေတွက်ရင်း " Happy new year" လို့ အော်ရင်း လေထဲကိုလဲ ခုန်မတက်လိုတော့ ။ ရောက်လာမယ့်နှစ်သစ်မှာ နာကျင်စရာတွေက  ပျောက်ကင်းမှာလား  ထပ်တိုးလာမှာလား မသေချာ ကျနော်တို့ လဲ  ဒီထက်ပို နီးကပ်လာမှာလား  ပိုဝေးသွားမှာလား  ဒါဟာလဲ  မသေချာ ဘယ်အရာမှ  မသေချာ ။ ကြိုမမြင်နိုင်တဲ့ အနာဂတ်တွေနဲ့ မကြိုဆိုလဲ ရောက်လာမယ့် နှစ်သစ်တွေကို ကျနော် အထူးတလည်လုပ်ပြီး  မကြိုဆိုဖြစ်တော့ဘူး  မရေရာခြင်းတွေနဲ့  ရှုပ်ထွေးနေတဲ့ ညနေခင်းရယ်ပါ နွေးထွေး ပျော်ရွှင်ပါစေလို့ ပဲ  ဆုတောင်းပေးဖြစ်တော့မယ် ။ ။                                                  Aဆေ့