Posts

Showing posts from February, 2018

သစ္စာ (မိုင်မျိုးမျိုးဆန်း)

Image
သစ္စာ သစ္စာဟာ ရောဂါထူလာတယ် သစ္စာဟာ သေကောင်ပေါင်းလဲ  သစ္စာဟာ နေရာတကျ မြဲနေဖို့ ခက်ခဲသွားတယ် . . သစ္စာဟာ မျိုးသုန်းလု သတ္တဝါ သစ္စာဟာ ဒီနေ့ ခေတ်ရဲ့ မျက်နှာမွဲ  သစ္စာဟာ ပွဲတိုင်းမှာ အနိုင်ရခဲလာတယ် . . . သစ္စာဟာ အဆိပ် သစ္စာဟာ ဆုပ်ကိုင်သူတိုင်းကိုရူးစေတယ် . . သစ္စာဟာ ဆူးအထပ်ထပ် သစ္စာဟာ ဖက်တွယ်ထားသူကိုနာကျင်စေပြန်ရော. . သစ္စာဟာ အရယ်မောရဆုံး ပျက်လုံးတစ်ခု သစ္စာဟာ ပြောလို့ ကောင်းရုံပုံပြင်တစ်ပုဒ် သစ္စာဟာ အရူးတွေရဲ့ မျှော်လင့်ချက်  သစ္စာဟာ ဂုဏ်ဒြပ်တွေအတွက်  ခပ်ညံ့ညံ့ပြိုင်ဘက်တစ်ခုသာဖြစ်တယ် . . သစ္စာဟာ ဓါးစာခံ သစ္စာဟာ ရေလဲသုံးပြီးစွန့် ပစ်ခံရတဲ့ ကစားစရာ သစ္စာဟာ အပြောသက်သက်အတွက် ဖန်တီးခံ  သစ္စာဟာ လူသုံးနည်းတဲ့ ဖိနပ်တစ်ရံသာသာပဲဖြစ်တယ်. . . သစ္စာကို ရှာတဲ့သူဟာ အရူးဖြစ်တယ်  ဒါမှမဟုတ်  အရူးတွေသာ သစ္စာကို ရှာဖွေကြတယ် . . မည်သို့ ပင်ဆိုစေကာမူ  သစ္စာမျှော်ဖူးသူ ငါသည်လဲ  သူရူးတစ်ယောက်သာ ဖြစ်တယ် . .။                                      မိုင်မျိုးမျိုးဆန်း